ဒီနေ့တော့ နဲနဲလေး
အားနေတာကြောင့် သူငယ်ချင်းတွေ အတွက် ဗဟုသုတ ရစရာ post လေးတခု ပြုစုပါမယ်။
အားလုံးလဲ ကြားဖူးကြမှာပါ။ " ရာမဇာတ် " တဲ့...။ မင်းသားက ရာမ၊ မင်းသမီးက
သီတာ၊ ဇာတ်ပို့က လက္ခဏာ၊ လူကြမ်းကြီက (????) ။ ဒါက ဒါရိုက်တာ (ဒါမှမဟုတ်)
ဇာတ်ညွှန်းရေး ဆရာရဲ့ သက်မှတ်ချက် ဖြစ်မယ်။ ကျွန်တော့် အတွက်ကတော့ ဒဿဂီရိ
ကြီးသာလျှင် မင်သားပဲ။ ခင်ဗျားတို့ရော ဒီဇာတ်လမ်းမှာ ဘယ်သူ့ကို
လက်ခုပ်တီးကြမလဲ (????) ကဲ ထားပါတော့....။ ကျွန်တော်ပြောချင်တာက ရာမဇာတ် ဟာ
ပုံပြင်၊ ဒဏ္ဏာရီ သက်သက် မဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းတို့ ဗဟုသုတ
ရစေရန် အလို့ငှာ ရာမဇာတ်ထုပ်ပါ အဓိက နေရာများကို ဓါတ်ပုံများအဖြစ် နဲ့ တင်ပေးလိုက်ပါတယ်။
ဒီပုံကတော့ ဟန်နုမာန်ကြောင့် မီးတွေတောက်ခဲ့ရတဲ့တိုင်းပြည်ပါ။
ဒီပုံကတော့ သီတာဒေ၀ီမင်းသမီးကိုခိုးသွားရင်းတစ်ထောက်နားခဲ့တဲ့နေရာလေးနဲ့
သီတာတာဒေ၀ီရဲ့ နံရံဆေးရေး ပန်းချီကားလေးပါ။
သီတာတာဒေ၀ီရဲ့ နံရံဆေးရေး ပန်းချီကားလေးပါ။
ဒီပုံကတော့ သီတာကိုရာမတို့လိုက်ရှာရင်တွေ့ ပြီးပြန်ခေါ်သွားမှာကြောက်လို့ ဖွက်ထားခဲ့တဲ့ ကျောက်ဂူဖြစ်ပါတယ်။
ဒီပုံကတော့ ရာမမင်းသားမျက်စိ မမြင်ရတော့လို့ ဟန်နုမာန်ဆေးမြစ်သွားရှာခဲ့တဲ့ တောင်ထိပ်တစ်နေရာဖြစ်ပါတယ်။
ဒီပုံကတော့ ဟန်နုမာန်နဲ့ရာမတို့တစ်တွေဒဿဂီရိဆီသွားဖို့ အတွက်ပင်လယ်ပြင်ကိုတံတားခင်းခဲ့တဲ့
(flooting stone) လို့ခေါ်တဲ့ရေပေါ်မှာပေါ်နိုင်တဲ့ကျောက်တုန်းလေးတွေ......ခုထိရှိနေသေးပါတယ်။
(flooting stone) လို့ခေါ်တဲ့ရေပေါ်မှာပေါ်နိုင်တဲ့ကျောက်တုန်းလေးတွေ......ခုထိရှိနေသေးပါတယ်။
ဒီပုံကတော့ သူတို့တွေတံတားခင်းခဲ့တဲ့ နေရာကိုဂြိုလ်တုကနေရိုက်ထားတဲ့နေရာလို့ ပြောပါတယ်။
ဒီပုံကတော့ ကျွန်တော့် ရဲ့ သူရဲကောင်းကြီး ဒဿမင်းလို့ခေါ်တဲ့ ရာဝဏ ကျဆုံးခဲ့တဲ့ နေ၇ာလေးပေါ.။









0 comments:
Post a Comment