Ebook ကိုလူတိုင်း ဖတ်ဖူးကြမယ်လို့ ထင်ပါ တယ်။ scroll
bar နဲ့ဆွဲဖတ်ရတာ ငြီးငွေ့လာပြီး အပြင်မှာစာအုပ်ဖတ် သလိုမျိုး
ဖတ်ချင်တယ်ဆိုရင်ရလား။ ရပါတယ် ။ ကျွန်တော် နှစ်မျိုးတွေ့ဖူးပါတယ်။
software နဲ့ လုပ်တာတစ်ခုရှိပါတယ် ။နောက်တစ်ခု website မှာ upload
လုပ်ရုံနဲ့ရပါပြီ ။ကျွန်တော် အခုမိတ်ဆက် ပေးမှာတော့ website ကနေ upload
လုပ်ရုံနဲ့ စာအုပ် ဖတ်သလို တစ်ရွက်ပြီး တစ်ရွက် လှန်ဖတ်လို့ ရမှာ
ဖြစ်ပါတယ်။ website လိပ်စာကတော့ http://issuu.com/
ဖြစ်ပါတယ်။ ဒီဆိုဒ်လေးဟာ This Year's Best Websites ဆိုတဲ့ဆုကိုလည်း
ရရှိထားတာဖြစ်ပါတယ် ။ ကျွန်တော် ကြည့်သမျှ website တော်တော်များများမှာ
Facebook account ရှိလျှင် ၀င်လို့ရပါတယ်။ သီးသန့် ဆိုဒ်မှာ register
လုပ်စရာမလိုတော့ဘူးပေါ့။ အခု Issuu website လည်း facebook account
ရှိလျှင် Connect လုပ်လို့ရပါတယ် ။
Facebook အကောင့်မရှိလျှင် Sign Up လုပ်ရပါမယ်။ Sign Up လုပ်နည်းတော့ ကျွန်တော် အသေးစိပ် မရှင်းပြတော့ပါဘူး။
Sign
Up လုပ်ပြီးရင် မိမိ gmail or yahoo mail ထဲသို့ Confirm mail တစ်စောင်
ရောက်လာပါမယ်။ ဒါဆိုရင် ကျွန်တော်တို့ Issuu ထဲသို့ဝင်ပြီး document
တစ်ခုခုကို Upload လုပ်ကြည့်ရအောင် . . .
UPLOAD DOCUMENT ကို click ပါ။
Browse ကိုနှိပ်ပြီး မိမိ upload လုပ်လိုသော document ကိုလမ်းကြောင်းရွေးပေးပါ။ General info ကို ဖြည့်စွက်ပြီး Upload File ကိုနှိပ်ပါ။
Upload file နှိပ်ပြီးလျှင် ဒီလိုပုံပေါ်လာပါမည်။ ဒါဆိုရင်တော့ ကျွန်တော်တို့ upload လုပ်တာ ပြီးမြောက်သွားပါပြီ။ အောက်က link မှာကြည့်ပါ ။ ဘယ်လိုမျိုးလေးလဲဆိုတာ (နှစ်သက်မယ်လို့ထင်ပါတယ်)
http://issuu.com/moelonepyaeshan/docs/your_freedom_user_guide/12









0 comments:
Post a Comment